ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၃ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ NUG ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်ပြီး အဖွင့်အမှာစကားနဲ့ ဆုတောင်းစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကြေကွဲပန်းချခြင်းနဲ့ ငြိမ်သက်ဆုတောင်းခြင်း၊ ဗုဒ္ဓဘာသာသံဃာတော်တွေ ပရိတ်ရွတ်ဖတ်ခြင်း၊ ခရစ်ယာန် ဘာသာရေးဆရာတွေ ဆုတောင်းခြင်း၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်းခြင်း စတဲ့ ဘာသာပေါင်းစုံ စုတောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

ကန့်ဘလူတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P-P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။