အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းက ဘာသာရေးအဆောက်အအုံ ၉၆၄၃ ခု ပျက်စီးခဲ့တယ်လို့ နေပြည်တော်မှာ ဧပြီလ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ ဘုရားစေတီပေါင်း ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်းပေါင်း ၃၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း၊ ဗလီ ၁၃၆ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၅၀၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်းနဲ့ ဘုံကျောင်း ၁ ကျောင်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ရဟန်း ၁၅၉ ပါး၊ သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သလို ရဟန်း ၁၂၄ ပါးနဲ့ သီလရှင် ၅၃ ပါး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပျက်စီးမှုတွေထဲမှာ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်အဆောက်အဦးတွေနဲ့အတူ စစ်ကိုင်းတောင်ရိုးရှိ တန်ခိုးကြီးဘုရားတွေ၊ မန္တလေးမြို့ရှိ တန်ခိုးကြီး စေတီပုထိုးတွေ အများအပြား ပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် နယ်ထိန်းရဲ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စု အရက်သောက်ရင်း စကားများပြီး ပစ်ခတ်မှုဖြစ်၊ သေဆုံးမှုရှိကာ စစ်သားတချို့ လက်နက်နဲ့ ထွက်ပြေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မက္ကသံ ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ အုပ်စုဖွဲ့ အရက်သောက်ရာကနေ စကားများပြီးသေနတ်နဲ့ ပစ်ခတ်မှုတွေအထိ ဖြစ်ပွါးခဲ့ကာ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော

စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အပြည့်အ၀ ထောက်ခံယုံကြည်မှုတွေ ရရှိထားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။