ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

“ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိ​​တောက်ဖူးတွေလည်း” စာသားရေးသားကာ “သွေးစွန်းတဲ့ တန်ခူး၊ မပျော်ကြတဲ့ တန်ခူး၊ အဓမ္မဝါဒီတွေနဲ့ တန်ခူး”AJAY ကဖော်ပြရေးသားခဲ့ပါတယ်။

အာဏာရှင်စစ်တပ်က ပြည်သူများကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်မှုဟာ ရပ်တန့်သွားခြင်း မရှိတာကြောင့် စစ်ကောင်စီဟာသဘာဝဘေးအန္တရာယ် ကြုံဆုံရသည့် အချိန်မှာပင် ပြည်သူများအပေါ် စေတနာမရှိသည်ကို ပြသနေတယ်လို့ဆိုပါတယ်။

0 Shares:
You May Also Like
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွါခွင့် မပြုကြောင်းနဲ့ ပျက်ကွက်ရင် အရေးယူမယ့် နည်းဥပဒေ စစ်ကောင်စီ ပြဌာန်း.. ကျောင်းသင်ခန်းစာမှာလည်း စစ်မှုထမ်းဥပဒေအကြောင်း ထည့်သွင်းသင်ကြားမယ်..

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်း သင်ကြားသွားမယ့်အပြင် စစ်မှုထမ်းဖို့ အသက်ပြည့်မှီနေသူတွေ အားလုံးကို ပြည်ပထွက်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။