မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း အရပ်သားပြည်သူ အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ ရက်ကနေ ၁၁ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆) ယောက်နဲ့ အမျိုးသား (၉) ယောက် စုစုပေါင်း (၁၅) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၇) ယောက် ပါဝင်ပြီး သေဆုံးရတဲ့အကြောင်းအရင်းအနေနဲ့ (၁၃) ယောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ (၁၅) ယောက်အနက် ချင်းပြည်နယ်မှာ (၆) ယောက် သေဆုံးမှုအများဆုံးဒေသဖြစ်တဲ့အပြင် အဆိုပါကာလအတွင်း သေဆုံးခဲ့တဲ့ နာမည်နဲ့တကွ အတည်ပြုဖို့ လိုအပ်နေဆဲ အရပ်သား (၄၇) ယောက်ရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းထားတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက် ညပိုင်းအချိန်မှာ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် လေးယောက်အပါအဝင် မိသားစုဝင်ခြောက်ယောက်က ဗုံးစထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့ပြီး တစ်ယောက်က ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဆော-ဆိပ်ဖြူလမ်းပိုင်းက စစ်ဆေးရေးဂိတ် အလစ်အငိုက်ဝင်တိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူအပါ ၂ယောက်သေ၊ ၃ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။