ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း ရန်သူထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ Operation Flame က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Operation Flame အနေနဲ့ ရန်ကုန်မြို့ရှိ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရန်ကုန်တိုင်း ပကဖ ရဲဘော်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ထန်းတပင် ထွေအုပ်ရုံးမှာပြုလုပ်တဲ့ စစ်အုပ်စုအစည်းအဝေး တိုက်ခိုက်ခံရပြီး ထွေအုပ် ဒု-ညွန်မှူးတစ်ဦး သေဆုံး၊ ရန်ကုန် − မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်အုပ်စု ရဲစခန်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခဲ့ရပြီး စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ ဒုတိယညွန်ကြားရေးမှူးတစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုအားကောင်းရာ ဆင်လူးရွာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်က ၁ ယောက် သေပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုအားကောင်းရာ ဆင်လူးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

ညောင်လေးပင်တွင် ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသည့် စစ်အုပ်စု ၂ ကြိမ်ဆက် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပုဇွန်မြောင်းကျေးရွာမှာ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ Yenanthar Column က ရဲဘော် Flash ကျဆုံး

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်တဲ့ Yenanthar Column က ရဲဘော် မောင်စောဝေယံ (ခ) Flash ဟာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။