မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၅ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ခြေမြန်တပ်ရင်းထဲကနေ လက်နက်ကြီး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးကာ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ယောက်သေဆုံးခဲ့ကြောင်း နွားထိုးကြီးဂျာနယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

“အသက် ၈၂ နှစ်အရွယ် အဖိုးအိုနေအိမ်ပေါ်ကိုဒဲ့ကျရောက်ပြီးပေါက်ကွဲလို့ အဖိုးအိုနေအိမ်အတွင်းမှာပဲကံဆိုးစွာသေဆုံးခဲ့ရတယ်လို့ ” နွားထိုးကြီးဂျာနယ်အဖွဲ့က ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့အနောက်ဘက်မှာ ရှိတဲ့ လက်ဝဲ+မြင်းနီရွာဟာ ကားလမ်းတစ်ဖက်ခြား လက်ဝဲရွာနဲ့ မြင်းနီရွာတို့ကို ပေါင်းစပ်ခေါ်ဆိုတာဖြစ်ပြီး မကြာခဏဆိုသလို စစ်အုပ်စုတွေရဲ့ စစ်ကြောင်းဝင်မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာရဲ့ ၃ ပုံ တစ်ပုံလောက်သာ ကျန်ရှိတော့ပြီး အရပ်သားအများစုလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကြက်ရိုးပင်ရွာကို တိုက်ပွဲမရှိပဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အရပ်သား၄ယောက်ထိခိုက်ဒဏ်ရာရကာ Golden Hill KTV အဆောက်အဦးထိခိုက်ပျက်စီးတာနဲ့ နွားတစ်ကောင် သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်လုပ်ဆောင်သွားခဲ့ရာ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ The Voice Of Madayar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်အကြောင်းပြပြီး အပစ်ခတ်ရပ်စဲကြောင်း ပြောထားပေမယ့်လည်း နိုင်ငံနဲ့တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေရာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဧပြီလ တစ်ဝိုက်မတိုင်ခင်မှာပဲ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းက အမျိုးသားအမျိုးသမီး ၁၅ ယောက်အထိ သေဆုံးထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ ၄၇ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောက်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ အသက် ၈၂ နှစ်ရွယ်အဘိုးအိုနဲ့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်များ
0 Shares:
You May Also Like
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အစိုးရတွေ အကျိုးအမြတ်ရပြီး ဒေသခံပြည်သူတွေ နစ်နာစေမယ့် သံလွင်မြစ်ပေါ် ဟတ်ကြီးရေကာတာကို ကရင်ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားနဲ့အတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီတပ် အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးအပါ အရပ်သား ၄ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ၊ လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျေးရွာ တစ်ရွာအတွင်း အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပင်လောင်းရှေ့တန်းစခန်းက စစ်သား ၇ ယောက် လက်နက် ၆ လက်နဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းကနေ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူးအပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက် ၆ လက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။