အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“မနက်ဖြန် ဧပြီ ၁၃ ရက်နေ့ကနေ နောက်ထပ် တပတ်ကို ထိုးစစ်ရပ်စဲဖို့ ကာလ တိုးချဲ့သွားဖို့ ဒီညမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။

မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ခရိုင်တွေအတွင်း ခုခံကာကွယ်စစ်မှလွဲပြီး ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ (မတ်လ ၃၀ရက်မှ ဧပြီ ၁၂ရက်အထိ) ရပ်ဆိုင်းထားဖို့နဲ့ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးဖို့ ညွှန်ကြားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် လက်ရှိကာလ ပူဆွေးနေရမှုတွေအတွက်လည်း ပြည်သူမှ ပြည်သူသို့ အချင်းချင်းအားပေးနှစ်သိမ့်ဖို့ ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ ရက်သတ္တပတ် တစ်ပတ်ကြာ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာထားပေမယ့် ငလျင်လှုပ်ခတ်အပြီးမှာတော့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မရပ်ဆိုင်းဘဲ နေ့စဥ်ရက်ဆက် ကျူးလွန်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

ဇူလိုင်လမှ အောက်တိုဘာလအထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၈၀ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရက်ပေါင်း ၁၀၉ ရက်အတွင်း အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ရာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

“Happy Birthday Suu” ဟူသည့် ဆုတောင်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည့် MDY-PDF ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနတွေက ရဲဘော်ရဲမေတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။