အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းကို အခြေပြုပြီး အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ က မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ၂ ပတ်တာကာလအတွင်း ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်တွေအားလုံးကို ရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ရာ လက်ရှိမှာ ၁ ပတ် သက်တမ်းထိုးထားတာပါ။

ထိုးစစ်ရပ်စဲထားတဲ့ကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ၊ စစ်ကြောင်းထိုးမှုတွေကို ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရား(international monitoring mechanism) ထူထောင်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
“ကျမတို့ နိုင်ငံတကာကို တောင်းဆို တိုက်တွန်းလိုတာကတော့ ဒီလိုရပ်တန့်မှု တွေ လုပ်နေတဲ့ ကာလမှာ monitoring ကောင်းကောင်းလုပ်ဖို့လို့ လိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ထိုးစစ်ရပ်တာတွေကို အခွင့်ကောင်းယူပြီးတော့ ဒီကာလမှာ ဆက်လုပ်နေ တယ်ဆိုတာကတော့ တော်တော်လေးတော့ အဆင်မပြေတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အနေနဲ့ပေါ့ international monitoring mechanism လိုမျိုးကို ပူးပေါင်းဆောင်ရွက်မယ့် ယန္တရား တစ်ခု ထူထောင်ပေးဖို့လည်း လိုအပ်မယ်ဆိုတာကိုတော့ ကျမ ဖြည့်စွပ်ပြီးတော့ ဒီထိုးစစ်တွေရပ်မဲ့ ကြေညာ ချက်နဲ့အတူ ကျမတို့ နိုင်ငံတကာကို ထပ်လောင်းပြီးတော့ သတင်းစကား ပေးချင်ပါတယ်။” လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။

ဒါ့အပြင် NUG အစိုးရက ငလျင်ဘေးသင့်ပြည်သူတွေအတွက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အား ပေးမှု ရက်သတ္တပတ်အဖြစ် ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်ကို သတ်မှတ်ထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက ၂ ပတ်အကြာ ထိုးစစ်ရပ်စဲထားပေမယ့်လည်း အကြမ်းဖက်စစ်တပ်က တော့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ အပါအဝင် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို တောက်လျှောက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကွယ်လွန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ကွယ်လွန်သွားတယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။