မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၅ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ခြေမြန်တပ်ရင်းထဲကနေ လက်နက်ကြီး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးကာ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ယောက်သေဆုံးခဲ့ကြောင်း နွားထိုးကြီးဂျာနယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

“အသက် ၈၂ နှစ်အရွယ် အဖိုးအိုနေအိမ်ပေါ်ကိုဒဲ့ကျရောက်ပြီးပေါက်ကွဲလို့ အဖိုးအိုနေအိမ်အတွင်းမှာပဲကံဆိုးစွာသေဆုံးခဲ့ရတယ်လို့ ” နွားထိုးကြီးဂျာနယ်အဖွဲ့က ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့အနောက်ဘက်မှာ ရှိတဲ့ လက်ဝဲ+မြင်းနီရွာဟာ ကားလမ်းတစ်ဖက်ခြား လက်ဝဲရွာနဲ့ မြင်းနီရွာတို့ကို ပေါင်းစပ်ခေါ်ဆိုတာဖြစ်ပြီး မကြာခဏဆိုသလို စစ်အုပ်စုတွေရဲ့ စစ်ကြောင်းဝင်မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာရဲ့ ၃ ပုံ တစ်ပုံလောက်သာ ကျန်ရှိတော့ပြီး အရပ်သားအများစုလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကြက်ရိုးပင်ရွာကို တိုက်ပွဲမရှိပဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အရပ်သား၄ယောက်ထိခိုက်ဒဏ်ရာရကာ Golden Hill KTV အဆောက်အဦးထိခိုက်ပျက်စီးတာနဲ့ နွားတစ်ကောင် သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်လုပ်ဆောင်သွားခဲ့ရာ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ The Voice Of Madayar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်အကြောင်းပြပြီး အပစ်ခတ်ရပ်စဲကြောင်း ပြောထားပေမယ့်လည်း နိုင်ငံနဲ့တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေရာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဧပြီလ တစ်ဝိုက်မတိုင်ခင်မှာပဲ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းက အမျိုးသားအမျိုးသမီး ၁၅ ယောက်အထိ သေဆုံးထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ ၄၇ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောက်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ အသက် ၈၂ နှစ်ရွယ်အဘိုးအိုနဲ့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်များ
0 Shares:
You May Also Like
Read More

အကြမ်းဖက် မင်းအောင်လှိုင်လက်ထဲ နျူစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားလျှင် ဒေသတွင်းနိုင်ငံများအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခုဟု ဦးနေဘုန်းလတ် ပြောကြား

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထဲကို နျူကလီးယားစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားရင် ဒေသတွင်းနိုင်ငံတွေအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing)အစီအစဉ် - ၁၂/၂၀၂၅" မှာ ပြောကြားလိုက်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

ဆားလင်းကြီး မြို့ပေါ်ရှိ စစ်တပ်အထိုင်ချ စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၍ စစ်တပ်ဘက်မှ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်တပ်အထိုင်ချစခန်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။ 
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။