ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက် ၅၇ တိုက်က ရဟန်း ၂၅ ပါး၊ သာမဏေ ၂၉ ပါးနဲ့ သီလရှင် အပါး ၅၀ ပျံလွန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါကျောင်းတိုက်တွေမှာရောက်ရှိနေတဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် (အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၄၅ ယောက်) လည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသေဆုံးမှုစာရင်းတွေထဲမှာ စစ်ကိုင်းမြို့နယ်အတွင်းရှိ အာလောင်ရွာ၊ ဝါးချက်ရွာ ပါယ်ငါးဆယ်ရွာတို့က ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတိုက်တွေက လူပုဂ္ဂိုလ်စာရင်း မပါရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်မှာ လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ကြောင့် လူပေါင်း (၃၆၀၀) ကျော် သေဆုံးခဲ့ပြီး (၅၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်ပေါင်း (၄)သောင်းကျော်၊ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၃)ထောင်ကျော်၊ စာသင်ကျောင်း (၂)ထောင်ကျော်၊ ဌာနဆိုင်ရာရုံး (၂)ထောင်ကျော်၊ တံတား (၁၀၀)ကျော်နဲ့ ဘုရားစေတီ (၅)ထောင်ကျော် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဘီးလင်းက စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း၏ Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့အဝင် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။