အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများမှအမိန့်ပေးစေခိုင်းသူ နဲ့ လုပ်ဆောင်သူများကို အရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား IIMMက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ မရပ်တန့်သေးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂နှစ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပဇီကြီးကျေးရွာမှာ ကလေးများ အပါအဝင် အနည်းဆုံး လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့ရပါတယ်။ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာအသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပါတယ်။

လေကြောင်းအပါအဝင် ဒရုန်းများအသုံးပြုခြင်းနဲ့ ဓာတုလက်နက်အသုံးပြုခြင်းများအပါအဝင် ဝေဟင်မှဗုံးကြဲတိုက်ခိုက်မှုများဟာ မြန်မာနိုင်ငံမှ ပဋိပက္ခ၏ ကြောက်မက်ဖွယ်အင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ ပဇီကြီးတိုက်ခိုက်မှုနောက်ပိုင်း အကြိမ်ရေတိုးမြင့်လာကြောင်း IIMM က ဆိုပါတယ်။အရပ်သားများကို မရှောင်ရှားဘဲ ပစ်မှတ်ထားနဲ့ တိုက်ခိုက်မှုတွေဟာစစ်ရာဇဝတ်မှု နှင့်/သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများ၏ သဘောသဘာဝကို သတ်မှတ်နိုင်ရန်နှင့် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ် ဆေးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း IIMM က ဆိုပါတယ်။

“ယန္တရားက ဒီရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကိုစုဆောင်းပြီး စိစစ်သုံးသပ်နေတယ်ဆိုတာ ဒီတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက် အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေကို သိစေချင်ပါတယ်။ တစ်နေ့မှာ သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တရားရုံးမှာအမှုရင်ဆိုင်ရစေဖို့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်း လမ်းပိုင်း​ကို PDF တွေ ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လမ်းပိုင်းပေါ်က စစ်ကင်းစခန်း ၂ ခု ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်းတွေ တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ယောက် သေဆုံးကြောင်း People's Revolution Alliance ထံက သိရပါတယ်။
Read More

ရွှေပြည်သာမြို့နယ်က အကြမ်းဖက် ရဲမှူး မိုးညိုရဲ့နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။