မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက် မနေ့က ညပိုင်းမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၅ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ခြေမြန်တပ်ရင်းထဲကနေ လက်နက်ကြီး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးကာ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ယောက်သေဆုံးခဲ့ကြောင်း နွားထိုးကြီးဂျာနယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

“အသက် ၈၂ နှစ်အရွယ် အဖိုးအိုနေအိမ်ပေါ်ကိုဒဲ့ကျရောက်ပြီးပေါက်ကွဲလို့ အဖိုးအိုနေအိမ်အတွင်းမှာပဲကံဆိုးစွာသေဆုံးခဲ့ရတယ်လို့ ” နွားထိုးကြီးဂျာနယ်အဖွဲ့က ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့အနောက်ဘက်မှာ ရှိတဲ့ လက်ဝဲ+မြင်းနီရွာဟာ ကားလမ်းတစ်ဖက်ခြား လက်ဝဲရွာနဲ့ မြင်းနီရွာတို့ကို ပေါင်းစပ်ခေါ်ဆိုတာဖြစ်ပြီး မကြာခဏဆိုသလို စစ်အုပ်စုတွေရဲ့ စစ်ကြောင်းဝင်မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရွာရဲ့ ၃ ပုံ တစ်ပုံလောက်သာ ကျန်ရှိတော့ပြီး အရပ်သားအများစုလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ကြက်ရိုးပင်ရွာကို တိုက်ပွဲမရှိပဲအကြောင်းမဲ့လေကြောင်းတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အရပ်သား၄ယောက်ထိခိုက်ဒဏ်ရာရကာ Golden Hill KTV အဆောက်အဦးထိခိုက်ပျက်စီးတာနဲ့ နွားတစ်ကောင် သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်လုပ်ဆောင်သွားခဲ့ရာ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ The Voice Of Madayar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်အကြောင်းပြပြီး အပစ်ခတ်ရပ်စဲကြောင်း ပြောထားပေမယ့်လည်း နိုင်ငံနဲ့တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေရာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဧပြီလ တစ်ဝိုက်မတိုင်ခင်မှာပဲ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံနဲ့တစ်ဝှမ်းက အမျိုးသားအမျိုးသမီး ၁၅ ယောက်အထိ သေဆုံးထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ ၄၇ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောက်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ အသက် ၈၂ နှစ်ရွယ်အဘိုးအိုနဲ့ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်များ
0 Shares:
You May Also Like
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။