အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“မနက်ဖြန် ဧပြီ ၁၃ ရက်နေ့ကနေ နောက်ထပ် တပတ်ကို ထိုးစစ်ရပ်စဲဖို့ ကာလ တိုးချဲ့သွားဖို့ ဒီညမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။

မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ခရိုင်တွေအတွင်း ခုခံကာကွယ်စစ်မှလွဲပြီး ထိုးစစ်အားလုံး ရက်သတ္တပတ် နှစ်ပတ်ကြာ (မတ်လ ၃၀ရက်မှ ဧပြီ ၁၂ရက်အထိ) ရပ်ဆိုင်းထားဖို့နဲ့ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးဖို့ ညွှန်ကြားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် လက်ရှိကာလ ပူဆွေးနေရမှုတွေအတွက်လည်း ပြည်သူမှ ပြည်သူသို့ အချင်းချင်းအားပေးနှစ်သိမ့်ဖို့ ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ ရက်သတ္တပတ် တစ်ပတ်ကြာ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာထားပေမယ့် ငလျင်လှုပ်ခတ်အပြီးမှာတော့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ မရပ်ဆိုင်းဘဲ နေ့စဥ်ရက်ဆက် ကျူးလွန်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့အနောက်ခြမ်းတွင် စစ်အုပ်စု၏လက်နက်ကြီး ထိမှန်ပြီး အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ခဲ့လို့ သလွန်ဖြူရွာနေ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။