စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းက ရဲဘော် ၄ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

”အမြဲအောက်မေ့တမ်းတ၍လည်း ရှိနေပါ့မည်။အိမ်ပြန်ခရီးတွေဟာ လူမစုံတော့ပေမယ့် ဆက် လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးတရပ် ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ် အမြဲထမ်းတင်ထားပါ့မည်” လို့ ပခုက္ကူခရိုင် အမှတ်(၁၀)တပ်ရင်းက ဆိုပါတယ်။

နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေမှာ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ “အောင်ပန်းဝေစေ ရှင်မတောင်မြေ” ကျည်ကာကမ်းပိန်းကိုလည်း ပြုလုပ်ထားပြီး ပါဝင်အားဖြည့်ပေးကြဖို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အတွက် ကျေးရွာနေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သက်ရှိစည်းရိုးလို့  အကြမ်းဖက်စစ်တပ် အမွှန်းတင်ခဲ့တဲ့ ဥကရစ်ထစခန်းမှာ KNLA ပူးပေါင်းတပ်များ ကရင့်အမျိုးသားအလံ လွှင့်ထူ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ နံမည်ကြီး ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။