အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့၊ မနက်အစောပိုင်းက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စက်တပ်လေထီး (Paramotor) တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက စက်တပ်လေထီး (Paramotor) ၃ စီးနဲ့ ဆီမီးကန်အုပ်စု၊ သဲတောရွာကို ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး မီးလောင်ဗုံးသီးတွေ ပါဝင်ခဲ့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ရေချောင်းဗိုလ်ကျေးရွာကို စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့အတွက် အမျိုးသမီး ၁ယောက်သေဆုံးပြီး ၇ နှစ် အရွယ် ကလေးငယ်အပါဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

“မနက် ၁၁နာရီမှာ လေကြောင်းတိုက်သွားတာပါ။ အသက်၃၅နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေပြီး ၊ အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ယောက်၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး ၁ ယောက်နဲ့ အသက် ၇ နှစ်အရွယ် ကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကိုလည်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ရက်ဆက် လုပ်ဆောင်ခဲ့ရာမှာ သေဆုံးသူ ၄ ယောက် ရှိခဲ့တယ်လို့ ရပါတယ်။

ဧပြီလ ၁၀ရက်၊ နေ့လယ်ပိုင်းက ကောလင်းမြို့နယ်အရှေ့ခြမ်း၊ အင်ပင်လှရွာ စာသင်ကျောင်းကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး အကြောင်းမဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kawlin Revolution -KR ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ယောက် သေဆုံးပြီး အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင်​ ဧပြီလ ၁၁ ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ယောက် အပါအဝင် ၃ယောက် သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ကြောင်းသိရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်ကနေ စစ်ရှောင်လာတဲ့ အသက် (၅၆) နှစ်အရွယ် အမျိုးသမီး၁ယောက်နဲ့ အမျိုးသား၁ယောက်၊ အမျိုးသမီး၁ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီနေ့ (ဧပြီ ၁၁) မနက် အရုဏ်တက်ချိန်ကလည်း ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးမှာရှိတဲ့ သဲချောင်းရွာသစ်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ ၁ လုံး ကျရောက်ပေါက်ကွဲပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ငလျင်ဘေးဒဏ်ခံစား​​နေရတဲ့ နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတာဖြစ်ပြီး အပစ်ရပ်စဲကြောင်း ကြေညာထားသည့်တိုင် ထိုးစစ်တွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ Kawlin Revolution -KR)

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဝ နှင့် စစ်ကောင်စီ ပူးပေါင်းထိန်းချုပ်ထားသည့် မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းဆတ်မြို့အနီးမှာ မြေရှားသတ္တုတူးဖော်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ပကဖ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။