ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။

၂၀၂‌၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲဆင်နွှဲခဲ့ရာ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး၊ အများစု ထောင်သွင်းအကျဥ်းကျခံခဲ့ရတာပါ။

ကိုဝေယံဖြိုးမိုးဟာ အင်းစိန်အကျဉ်းထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေမှာ ၄ နှစ်ကျော်ကြာ မတရားအကျဥ်းကျခံခဲ့ရပြီး ဧပြီလ ၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ သိရှိရပါတယ်။

(ဓာတ်ပုံ MPA)
0 Shares:
You May Also Like
Read More

ညီနောင် ၃ ဖွဲ့ရော စစ်ကောင်စီပါ အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမှာ စစ်ကောင်စီ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွား

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဟန်ပြအပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာ လေကြောင်းနဲ့ရော ခြေလျင်စစ်ကြောင်းတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ Interra Resources ကို အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို သပိတ်အဖွဲ့တွေက တောင်းဆို

မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။