မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။

ပေါက်ကိုယ်တော်ဟာ လက်နက်ကိုင်ပျူစောထီးတွေရဲ့ ခေါင်းဆောင်အဖြစ် လူသိများပြီး သူ့လက်အောက်ခံ ပျူစောထီးတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်အပေါ် ဆန့်ကျင်သူတွေကို သတ်ဖြတ်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်ရှိ ပစ္စည်းခိုးယူလုယက်တာ စတဲ့ မကောင်းသတင်းနဲ့ နာမည် ကျော်ဇောသူတွေ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုရဲ့ ကွန်မန့်မှာလည်း “အဆိပ်ပင် ရေလောင်းသလို ဖြစ်နေမယ်”လို့ TikTokသုံးစွဲသူတစ်ယောက်က မှတ်ချက်ပေးထားတာကို တွေ့ရပါတယ်။

“ပေါက်ကိုယ်တော်ဆိုတာက စစ်တပ်နောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သလို၊ သင်္ဃန်းဝတ်နဲ့ စစ်တိုက်နေတာကြောင့်  သူ့ကိုပေးတဲ့ပိုက်ဆံတွေကို ငလျင်ဘေးမှာ ပြန်သုံးမယ်ဆိုတာ  မဖြစ်နိုင်ပါဘူး။ ဒီငွေတွေကို စစ်တိုက်ဖို့၊ တော်လှန်ရေးတပ်သားတွေကို သတ်ဖြတ်ဖို့အတွက်ပဲ ပြန်သုံးမှာပါ” လို့ဒေသခံပြည်သူတစ်ယောက်ကလည်း ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအဖြစ် ပျူစခန်းနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့မှာ မတ်လ ပထမလဝက်အတွင်း ပြည်သူနေအိမ် (၁၅) လုံးနှင့်အထက် ထိခိုက်ပျက်စီး (ရုပ်/သံ)

၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူနေအိမ် (၁၅) လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက မတ်လ ၁၆ ရက် ဒီနေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။