စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာ အရပ်သားပြည်သူ (၂၆) ယောက် သေဆုံးပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ (၉)ရက်က ဝန်းသိုမြို့နယ်၊ နမ်းခမ်း (ဂျိုးတောင်နမ်းခမ်း ) ကျေးရွာ ဆေးရုံရှေ့က ကျောင်းဟောင်းဝန်းကျင် စျေးဆိုင်တန်းအနီးတဝိုက် အကြမ်းဖက်စစ်အုပ်စုက မြေပြင်ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ပေါင် ၃၀၀ ၊ ၅၀၀၊ Cluster လို့ ယူဆရတဲ့ ဗုံးတွေနဲ့ စုစုပေါင်း ၄ ကြိမ်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာနေပြည်သူတွေ ဖြစ်တဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၂၆) ယောက် သေဆုံးခဲ့ပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံး…

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) - P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။