ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဗုံးကြဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် ဘုန်းကြီးကျောင်းကတော့ လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲသွားတဲ့နေရာဟာ တို့သေဖူးကျေးရွာအနီး သူတို့ခွင့်ပြုထားတဲ့ ရွှေတူးဖော် လုပ်ကွက်တွေနဲ့ ‌ရှေ့တန်းစစ်စခန်း ခလရ ၁၉ တည်ရှိနေပြီး အဲဒီ စစ်စခန်းကို KNLA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲံ တာဆုံအနီး ဘုရားမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ကမ္မမြို့ပေါ် ကင်းပတ်နေသည့် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက်သေ၊ ၁၁ ယောက် ဒဏ်ရာရရှိကာ PDF ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ အမှတ် ၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း စစ်ရေး လှုပ်ရှားမှုနယ်မြေအတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။