ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ထိုင်းနိုင်ငံရဲ့ ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) တို့ဟာ နားလည်မှုစာချွန်လွှာရေးထိုးထားတာ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာအတွင်း စစ်ကောင်စီကို ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်‌တဲ့ ရတနာကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်ကို ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်ရာမှာ PTTEP က ပါဝင်မှာ ဖြစ်ပါတယ်။

PTTEP ဟာ ရတနာ၊ ဇောတိက နဲ့ M3 သဘာဝဓါတ်ငွေ့စီမံကိန်းတွေမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံ
သူဖြစ်ပြီး တွင်းသစ်တူးဖော်ခြင်းတွေကို ဆက်လက်လုပ်ဆောင်ကာ စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ ရှာဖွေပေးနေတယ်လို့ JFM က ဆိုပါတယ်။

ဖျက်အားပြင်းငလျင်ကြီးအပြီး စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ထိုင်းအစိုးရနဲ့ PTTEP က ပါကြံရာပါအဖြစ် ပတ်သက်နေတယ်လို့ JFM က ထောက်ပြပါတယ်။

ဒါ့ကြောင့် PTTEP အနေနဲ့ စစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေမှုတွေကို ရပ်တန့်ရမှာဖြစ်သလို တာဝန်ယူမှုရှိစွာနဲ့ စီးပွါးရေးလုပ်ငန်းတွေကို ရုတ်သိမ်းထွက်ခွာရမှာ ဖြစ်ကြောင်း JFM က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျေးရွာအတွင်းကို မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေ ဖော်ပြလာပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဟာ ကျေးရွာဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။