မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က KTV ကို လာတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ စကစထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးတို့ ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ Earthquake People’s Defence Force ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force ၊ Hunter PKU၊ Black Cheater၊ ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်ရေးအရှိန် မြင့်တက်လာတဲ့အမျှ အကြမ်းဖက်စစ်ကောင်စီစခန်း၊ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးရာမှာ သွားလာနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို ဇီးကုန်းလေးပျူရွာအဝင် ဘန်ကာကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သားနှင့်ပျူ ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာအဝင်ရှိ ဘန်ကာကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ မှ မုံရွာမြို့ နမခသို့ ထွက်လာသည့် သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ စစ်သားအင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ သံပြားကာ ၄ စီးယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခဲ့မှု ခင်ဦး ပကဖ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။