မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဧပြီလ ၁၁ ရက် ဒီနေ့ မနက် ၁၁ နာရီအချိန်က မန္တလေးတိုင်း၊ သာစည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေး ဆောင်ဖို့၊ ရှောင်ဖို့၊ သတိပြုဖို့ အချက်တွေနဲ့အညီ နေထိုင်ကြဖို့ NUG အစိုးရက ထပ်မံအသိပေးထားပါတယ်။

မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ် မူတည်ပြီးတော့လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြေငလျင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကလည်း အများပြည်သူအနေနဲ့ မပေါ့ဆဘဲ သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိတ္ထီလာတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေး ရုံးအုပ်ကြီးတို့ ရက်ပိုင်းပဲခြားကာ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ယောက် ပစ်ခတ်ရှင်းလင်းခံရပြီးရက်ပိုင်းအကြာမှာပဲ ထွေအုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ဆိုသူ ထပ်မံပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။