ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။

ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေးက လမ်းခွဲတစ်နေရာမှာ ဧပြီလ ၁၁ ရက် ဒီနေ့မှာ DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် မသင်္ကာတာကြောင့် ကားပေါ်ကနေ ဆင်းခိုင်းရာ ပြန်လည်‌ဆုတ်ခွာထွက်ပြေးသွားတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

DSNDA ရဲဘော်တွေက သေနတ်အတို တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ဖုန်းနဲ့ ငွေသားတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရရှိတဲ့ အချက်အလက်နဲ့ မြေပြင်စုံစမ်းချက်အရ သေဆုံးသူဟာ မျိုး‌‌ဇော်သန်း‌ လို့ခေါ်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး ရွာငံမြောက်ဖက် မြို့ထွက်ဂိတ်မှာ အာဏာအရှိဆုံး ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဦးမြို့နယ် မီးဘေေးသင့် ပြည်သူများအတွက် ခရစ္စမတ်နှင့် နှစ်သစ်ကူးအထိမ်းမှတ် ခြုံစောင်၊ ခြင်ထောင်များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ဒဏ် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြုံစောင်နဲ့ ခြင်ထောင်တွေ လှူဒါန်းနိုင်ခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) ထံမှ သိရပါတယ်။ 
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။