စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့ ညပိုင်းက မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်း၊ မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ၇ လုံး ရမ်းသမ်းပစ်ခတ်ရာ စံတင်ကင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့လိုပစ်ခတ်တိုက်ခိုက်ပြီး နောက်တစ်နေ့ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းမှာပဲ စံတင်ကင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဂွေးပင်တောကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ ဘိုးမင်းကြီးကင်းလမ်းခွဲက စစ်အုပ်စုတွေစုပေါင်းရင်း စံတင်ကင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ် (၄) လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

“လက်နက်ကြီး ပစ်တဲ့ ဘိုးမင်းကြီးကင်းရွာ မြောင်လမ်းခွဲ စခအထိုင်နဲ့  အပစ်ခံရတဲ့ရွာက ၂မိုင်လောက်ဝေးပါတယ်။ စံတင်ကင်းရွာက မြောင်လမ်းခွဲရဲ့မြောက်ဘက်ပါ။ မြောင်လမ်းခွဲ စခအထိုင်က လက်နက်ငယ်တွေ နေ့တိုင်းလို ပစ်ပါတယ် ၊ လက်နက်ကြီးနဲ့လည်း၂ရက်၊ ၃ရက်ခြား မထင်ရင်မထင်သလို သူတို့ပတ်ပတ်လည်က ရွာတွေဆီပစ်တတ်ပါတယ်။” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက မောင်းကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ငလျင်ဘေးဒဏ်အကြောင်းပြ အလှူခံရင်း ထိုးစစ်တွေ ရပ်တန့်ထားကြောင်း ပြောကြားထားပေမယ့် နိုင်ငံနဲ့တဝှမ်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ထိုးစစ်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ် မီးဝင်ရှို့ခဲ့သည့် စံတင်ကင်းရွာမြင်ကွင်း (ဓာတ်ပုံ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး)

0 Shares:
You May Also Like
Read More

မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး အလင်းဝင်လာ

ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။