ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထနောင်းစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် အယောက် (၉၀) အတွက် တိုက်ပွဲဝင်ဖို့ ကျည်ကာတွေ ဝယ်ယူပြီးစီးကြောင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။

ရှေ့တန်းက ရဲဘော်တွေအတွက် လိုအပ်တဲ့ ကျည်ကာတွေ တပ်ဆင်နိုင်ဖို့ ပြုလုပ်တဲ့ “ထနောင်းစစ်သည်ပေါင်းစုချီ ကျည်ကာတပ်ဆင်ပြည်လည်းဝင်”ကမ်ပိန်းက ရရှိတဲ့ ရံပုံငွေတွေနဲ့ ရဲဘော်အယောက် (၉၀) စာ ကျည်ကာအစုံ(၉၀) ဝယ်ယူပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဝယ်ယူပြီးတဲ့အထဲက ကျည်ကာ၊ ဦးထုပ်တချို့ကို စစ်ဆင်ရေးအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို တပ်ဆင်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျည်ကာဝယ်ယူရာက ပိုတဲ့ငွေတွေကို တပ်ဖွဲ့ရှေ့ဆက် လုပ်ငန်းစဥ်တွေမှာ အကျိုးရှိစွာ အသုံးပြုသွားမှာဖြစ်ပြီး ကမ်ပိန်းမှာ ပါဝင်ကူညီတဲ့ ထောက်ပို့ပြည်သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်း နေပြည်တော် PDF တပ်ရင်း ၈၀၅ က ထုတ်ပြန်ထားပါတယ်။

နေပြည်တော် PDF တပ်ရင်း ၈၀၅ အနေနဲ့ သစ္စာအဓိဋ္ဌာန် (၄) ချက်ကို ဆွဲကိုင်ကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးနယ်အရှေ့ဘက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို စစ်အုပ်စုကဗုံးကြဲ၍ ဒေသခံ သုံးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၅ ဦး သေပြီး ၃ ဦး ထိခိုက်ဒဏ်ရာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

ပဲခူးခရိုင် PDF တပ်ရင်း ၂ ၏ စစ်တောင်းမြစ်ဝှမ်းဒေသ မြေပြင်စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ဗျူဟာအမှတ် ၂၅ ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702)၊ တပ်ခွဲ ၁ ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။