စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာ အရပ်သားပြည်သူ (၂၆) ယောက် သေဆုံးပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ (၉)ရက်က ဝန်းသိုမြို့နယ်၊ နမ်းခမ်း (ဂျိုးတောင်နမ်းခမ်း ) ကျေးရွာ ဆေးရုံရှေ့က ကျောင်းဟောင်းဝန်းကျင် စျေးဆိုင်တန်းအနီးတဝိုက် အကြမ်းဖက်စစ်အုပ်စုက မြေပြင်ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ပေါင် ၃၀၀ ၊ ၅၀၀၊ Cluster လို့ ယူဆရတဲ့ ဗုံးတွေနဲ့ စုစုပေါင်း ၄ ကြိမ်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာနေပြည်သူတွေ ဖြစ်တဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၂၆) ယောက် သေဆုံးခဲ့ပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်ချိန် အမှားအယွင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး

"စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်သားဘဝကို မသိဘဲ စစ်တပ်ကို စော်ကားနေကြတယ်လို့ ဦးခင်ရီ ပြော

မတရား စစ်အာဏာသိမ်းမှုကို တိုင်းပြည်အနှံ့ ဆန့်ကျင်နေကြတဲ့ လက်ရှိအချိန်မှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ လက်ရှိ လူငယ်တွေဟာ စစ်သားတွေရဲ့ ပေးဆပ်မှုကို သေချာမသိဘဲ တပ်မတော်ကို စော်ကားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။