ချင်းပြည်နယ် ဖလမ်းမြို့ကို ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ဧပြီလ ၉ရက်နေ့မှာ ဖလမ်းမြို့သိမ်းအောင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကတဆင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက တရားဝင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ချင်းညီနောင်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

လက်ရှိ ချင်းပြည်နယ်တစ်ခုလုံးရဲ့ ၈၅ ရာခိုင်နှုန်းကျော် လွတ်မြောက်ခဲ့ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖို့ မြို့နယ် ၃ ခုသာ ကျန်တော့တာကြောင့် ပြည်နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်ဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ချင်းပြည်နယ်ကို စစ်ကောင်စီ ကင်းစင်ဖို့ကြိုးစားခဲ့ပေမယ့် ပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ စုစုပေါင်းမြို့ပေါင်း ၉မြို့ရှိပြီး ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့ကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။