ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

အဆိုပါ ယာဉ်ပေါ်ကနေ သေနတ်အတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်းနဲ့ ငွေသားအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ DSNDA ထံက သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ အချက်အလက်နဲ့ မြေပြင်စုံစမ်းချက်တွေအရ သေဆုံးသူဟာ အကြမ်းဖက်စစ် ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ မျိုးဇော်သန်းဖြစ်ပြီး ရွာငံမြောက်ဘက် မြို့ထွက်ဂိတ်မှာ အာဏာအရှိဆုံးဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် သင်တောရွာအနီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၄ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။
Read More

ဒို့ပြန်လာပြီ ဧရာဝတီကမ်ပိန်းနဲ့ပတ်သက်ပြီး ဦးကျော်သက်လင်းဘာပြောခဲ့လဲ (ရုပ်/သံ)

''မုန်တိုင်းဒဏ်ခံရရင်လည်း ဧရာပဲ တခြားစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ ခံရရင်လည်း ဧရာပဲ အဲ့ဒီတော့ ဧရာက ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ။ အဲ့ဒီတော့ သူ့ဒေသမှာ မလှုပ်နိုင်တဲ့အခါမှာ သိပ်ပြင်းထန်တဲ့ ဧရာတိုင်းသားတွေဟာ နေရာစုံကိုပြန့်ကျဲပြီးတော့ နိုင်ငံတွက် တော်လှန်ရေးကို ကချင်မြေမှာလည်းလုပ်ခဲ့တယ်၊ ကရင်မြေမှာလည်း လုပ်ခဲ့တယ်၊ ကရင်နီမှာလည်း သူတို့ပဲ၊ ချင်းပြည်မှာလည်း သူတို့ပဲ တခြား ဒီရခိုင်ဘက်မှာတောင် သူတို့ ရှိတယ်လို့ ကျနော်သိရတယ်။ အဲ့ဒီတော့ သူတို့ ဘာကြောင့် အဲ့ဒီလိုပြန့်ကျဲပြီး ရောက်ရလဲဆို မချရရင် မနေနိုင်လို့ပေါ့ဗျာ''
Read More

မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ချေမှုန်းတိုက်ခိုက်၊ အလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ အလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။