စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှာ အရပ်သားပြည်သူ (၂၆) ယောက် သေဆုံးပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ (၉)ရက်က ဝန်းသိုမြို့နယ်၊ နမ်းခမ်း (ဂျိုးတောင်နမ်းခမ်း ) ကျေးရွာ ဆေးရုံရှေ့က ကျောင်းဟောင်းဝန်းကျင် စျေးဆိုင်တန်းအနီးတဝိုက် အကြမ်းဖက်စစ်အုပ်စုက မြေပြင်ထိတွေ့တိုက်ပွဲ မဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ပေါင် ၃၀၀ ၊ ၅၀၀၊ Cluster လို့ ယူဆရတဲ့ ဗုံးတွေနဲ့ စုစုပေါင်း ၄ ကြိမ်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာနေပြည်သူတွေ ဖြစ်တဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၂၆) ယောက် သေဆုံးခဲ့ပြီး (၂၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး ၁၀ ဦးခန့် ရှိနိုင်၊ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်နေ အရပ်သားပြည်သူ ၁၀၀၀ ကျော် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်က ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။