စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ် မုံရွာမြို့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ်အေးသန်းထွန်းဟာ ဧပြီလ ၇ ရက်မှာ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းဆီ BA 63 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ခဲယမ်းအချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒုရဲအုပ် အလင်းဝင်ရောက်ရေးအတွက် မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း တပ်ခွဲ(၄)တပ်ခွဲမှူးဦးဆောင်မှူနဲ့အတူ မုံရွာခရိုင်အမှတ်(၂၂)တပ်ရင်းရဲဘော်တွေနဲ့ တပ်ရင်းမှူးတို့ ပူးပေါင်းကူညီပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ဝက်လက်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန် မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်လာသလို ပိုပြီးပြင်းထန်လာဖို့ရှိနေ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေ ခပ်စိပ်စိပ်ပြန်ပေါ်လာသလို ဒီထက်ပိုပြီး အရှိန်မြှင့်သွားမယ်လို့လည်း  ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။