အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေကနေ စစ်ကောင်စီတပ်ထံက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေဟာ ကာလတိုအတွင်းမှာပဲ အလျင်မီအောင် မြန်မြန်ဆန်ဆန် ထုတ်လုပ်ထားတဲ့ လက်နက်တွေဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ထံကနေ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ အခုနှစ် ၂၀၂၅ ခုနှစ်အတွင်း ထုတ်လုပ်ထားတဲ့ ဗုံးသီးတွေကို တွေ့ရှိရတယ်လို့ CDM ဗိုလ်ကြီးထက်မြက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေး ရေးသားထားပါတယ်။

အာဏာသိမ်း စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော ခဲယမ်းများ

“အရှေ့ကာလမှာလည်း video တစ်ခု တွေ့တယ်။ တပ်ဖွဲ့ဝင်တစ်ယောက်က ရှင်းပြထားတယ်။ ၂၀၂၅ ခုနှစ် ၁ လပိုင်း ၁၈ ရက်နေ့ထုတ် ဗုံးသီးကို ၃၀ ရက်နေ့ ၁ လပိုင်းမှာ လာကြဲတယ်ဆိုတဲ့ အကြောင်းပြောထားတယ်။ ၁၂ ရက်ပဲကွာတယ်။ ထုတ်လုပ်ရက်စွဲကို ဗုံးခွံပေါ်မှာ မသိစေချင်လို့ မှုတ်ဆေးနဲ့ ဖုံးထားတယ်။ လွန်ခဲ့တဲ့ တစ်လကျော်လောက်မှာလည်း တပ်ဖွဲ့တွေ သိမ်းလို့ရတဲ့ စခန်းကုန်းတစ်ခုကနေ ကျည်တွေရတယ်။ တော်တော်များများက ၂၀၂၅ ခုနှစ် ထုတ်တဲ့ကျည်တွေချည်းပဲတဲ့ “ လို့ CDM ဗိုလ်ကြီးထက်မြက်က ရေးသားထားပါတယ်။

ဒါကြောင့် အာဏာသိမ်း စစ်တပ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ကပစ စက်ရုံတွေဟာ အသက်တမျှ အရေးကြီးတဲ့ နေရာတွေ ဖြစ်လာပြီလို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း အင်အားကြီးမားလာတဲ့ PDF တပ်ဖွဲ့ဝင်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေရှိနေတာကြောင့် စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေကနေ လက်နက်ခဲယမ်းတွေ အလျင်အမြန် ထုတ်လုပ်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏ ပြောလေ့ရှိပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ကပစ စက်ရုံတွေကို ဦးစားပေးပြီး တိုက်ခိုက်မှုတွေပြုလုပ်ခြင်းက စစ်ကောင်စီကို ပိုမို အထိနာစေမှာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်း စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကပစ ၂၂ မှ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပြည်သူများ ရိုက်နှက်ခံရ၊ နေအိမ်များ မီးရှို့ခံရကာ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

သထုံတွင် မဲရုံထဲ ဖုန်းယူသွားမိသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က မဲသွားပေးရင်း မဲရုံထဲ ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

ကနားရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးကို ကာကွယ်ရေး တပ်ဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းက ဒုတပ်ကြပ် တစ်ယောက် ကို အရှင်ဖမ်းဆီးရမိ ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင် မြို့နယ်က ထုတ်ပြန်ထားပါတယ်။