အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

သံအမတ်ကြီးက ကုလရဲ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (၅၈) ကြိမ်မြောက် အစည်းအဝေးအတွင်း အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

အာဏာသိမ်း စစ်တပ်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူတချို့ အသက်ဆုံးရှုံးခဲ့ရပြီး စစ်တပ်က ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်းကြောင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူတွေထံ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေအချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

စစ်တပ်အနေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေထံ အရေးပေါ် လူသားစာနာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ငလျင်ဒဏ်သင့်နေရာတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့လည်း ကုလနဲ့ နိုင်ငံတကာကို အသိပေးပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ ချုပ်ငြိမ်းဖို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက် လေယာဉ်ဆီ၊ စစ်ရေး နဲ့ အရပ်ဖက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

တီမောလက်စတေးမှာ NUG အစိုးရ ဆက်ဆံရေးရုံး တရားဝင် ဖွင့်လှစ်၊” မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်”

တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

စင်ကာပူ သွားမည်ဆိုပြီး လေယာဉ်လမ်းကြောင်းပြောင်းရခြင်းဟာ ဒွန်မောင်းလေဆိပ် လဝက စစ်ဆေးမှုများဖြင့် အချိန်ကြန့်ကြာခြင်းကြောင့် ဖြစ်ဟု သက်ဆင် ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ နှောင့်နှေးမှုကြောင့် စင်ကာပူကို သွားဖို့ စီစဉ်ထားပေမယ့် ပုဂ္ဂလိကလေယာဉ် ဆင်းသက်ရာ စင်ကာပူရှိ ဆီလီတာလေဆိပ် ပိတ်သွားတာကြောင့် ဒူဘိုင်းကို ခရီးစဥ်ပြောင်းလဲခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး ဖမ်းဆီးထားသူများအား လွှတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က ပြောကြားလိုက်ပါတယ်။