ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၆ ရက်က နွေဦးပွဲတော်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ လွှတ်တော်သမဂ္ဂများရဲ့ လက်ရှိဥက္ကဌ Mr. KONDO SAN  ၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. ISHIBASHI SAN ၊ အိုင်းချိခရိုင်က လွှတ်တော်အမတ် TAKAGI HIROSHI SAN ၊ ဂျပန်နိုင်ငံ NUG ကိုယ်စားလှယ် စောဘလှသိန်းတို့က မြန်မာပြည်အတွက် အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဘေးနဲ့စစ်ဘေးမှာ ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ မိသားစုနဲ့ မောင်နှမတွေကို ရည်စူးပြီး ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရုတ်တရက်ဖြစ်ပေါ်ခဲ့​တဲ့ ငလျင်ဘေးမှာ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ငလျင်လှုပ်သွားတဲ့အချိန် ၁၂ နာရီ ၅၁ မိနစ်မှာ ဘာသာအလိုက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။