စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်မှာ ကောလင်းအရှေ့ဘက်အခြမ်းရှိ ကျောက်ပြင်သာတိုက်နယ်က အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘေးရှောင်တွေ နေထိုင်ရာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် စစ်ရှောင်မိန်းကလေး ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kawlin Info)

0 Shares:
You May Also Like
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။