ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။

TNLA ရဲ့ လျှပ်စစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက်မှာ ကျင်းပခဲ့ပြီးနောက် နှုန်းထားတွေ ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

TNLA အနေနဲ့ ထုတ်ပြန်ထားတဲ့ လျှပ်စစ်မီတာခနှုန်းထားတွေအတိုင်း ဧပြီလကစလို့ ကောက်ယူသွားမှာဖြစ်ပြီး အိမ်သုံးမီတာရိုးရိုး ၁ ယူနစ် အနိမ့်ဆုံး ကျပ် ၅၀ ကနေ ကျပ် ၃၀၀၊ စက်မှုလုပ်ငန်းသုံးမီတာ ၁ ယူနစ်ကို အနိမ့်ဆုံးကျပ်၂၅၀ ကနေ ကျပ် ၅၀၀ အထိ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုး မဖြစ်နိုင်ဟု SAC-M ပြော

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်ဆုတောင်းနေစဉ် အမျိုးသမီး အကျဉ်းသူများကို ထောင်အာဏာပိုင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။