KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်နဲ့ ခဲယမ်းအချို့သိမ်းပိုက်ရရှိခဲ့ပြီး KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေ ကင်းစင်းသလောက်ဖြစ်သွားပြီလို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ပဲခူးအနောက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်းအနာက်ခြမ်း အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မနေ့က အောက်တိုဘာ ၂၃ ရက်  မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၇ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်မှာ ခရီးသွားပြည်သူတွေကို မတရားဖိနှိပ် ပိုက်ဆံတောင်းတာ၊ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

ယနေ့မနက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်လူထုသပိတ်အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ် လူသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်​မြို့အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ တောင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်  ၃ စီးကို ထွန်သာရွာနဲ့ ဂျိုရွာကြား ပွိုင့် ၂ ပွိုင့်နဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YouthGuerrilla CounterRevolution-NZ (LPDF) အဖွဲ့ထံက သိရပါတယ်။