စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ စခန်းစွန့်ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ အကြမ်းဖက်စစ်သား ၁၅၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သား ၁၅၀ ကျော်ကို အင်းတော်-ကသာ လမ်းပိုင်းမှာ ဧပြီလ ၈ ရက်က တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးချုပ် အောင်သက်ဦးဟာ DSA အပတ်စဉ် ၄၂ ဆင်းဖြစ်ပြီး ကော့သောင်းမြို့မှာလည်း ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးရာထူးနဲ့ ထမ်းဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး (ဓာတ်ပုံ Gadu Tang)

ဗိုလ်မှူးချုပ် အောင်သက်ဦး ဦးဆောင်တဲ့ တပ်မ ၇၇ ဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်က ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြတဲ့ လက်နက်မဲ့ ပြည်သူတွေကို RPG ၊ လက်ပစ်ဗုံးတွေအပါအဝင် စစ်သုံးလက်နက်တွေနဲ့ ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားပြည်သူ ၈၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

အင်းတော်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အင်းတော်မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လကစတင်ခဲ့တဲ့ ၈ လကျော်ကြာ အင်းတော်မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆုံးလက်ကျန် ဂျပန် လိုဏ်ဂူစခန်းကုန်းကနေ တော်လှန်ရေးတပ်တွေဟာ ရုရှားလုပ် ၁၂၂ မမ D-30 ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ဆက်သွယ်ရေးနဲ့ ဂျမ်မာစက်ကိရိယာတွေ၊ ကပစထုတ် ဒရုန်းဗုံးသီးတွေ စတဲ့ လက်နက်ကြီး/ငယ်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့အထဲက ၁၂၀ မမ WP မီးစုန်းဗုံးသီးတွေဟာ ဂျနီဖာကွန်ဗန်းရှင်းက တားမြစ်ထားတဲ့ ခဲယမ်းတွေဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားပါတယ်။

“သိမ်းဆည်းရမိ လက်နက်တွေကို ကြည့်ခြင်းအားဖြင့် အနိမ့်ဆုံး ဗျူဟာမှူးအဆင့်က ခံစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ၁၂၀ မမ ဗုံးသီးတွေထဲမှာ အစိမ်းနုရောင် သုတ်ထားတဲ့ ဗုံးသီးတွေက W-P မီးစုန်းဗုံးသီးလို့ ခေါ်ပါတယ်။ ဖော့စ်စဖရပ် ထည့်ထားတာဖြစ်ပြီး မီးလောင်ကျွမ်းမှုကို အားပေးပါတယ်။ ပိုဆိုးတာက မီးလောင်ကျွမ်းတဲ့အခါမှာ ငြိမ်းသတ်ဖို့ အင်မတန် ခက်ခဲပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းက ကန့်သတ်ထားတဲ့ ခဲယမ်းအမျိုးအစား ဖြစ်ပါတယ်။ …. အရေးကြီး သတိပေးချင်တာကတော့ ဖော့စ်စဖရပ် ပါတဲ့ ခဲယ-မ်းတွေကို အခြားခဲယမ်းတွေနဲ့ အချိန်ကြာကြာ အတူထားပြီး သိုလှောင်သိမ်းဆည်းရန် မသင့်ကြောင်းပါ။” လို့ ဗိုလ်ကြီးဇင်ယော်က ပြောကြားထားပါတယ်။

အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊  အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊    ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊  အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊  ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့နယ်က ၄ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာ ဖြစ်ပွားခဲ့တဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Defense Force (CDF) – Hakha က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်တက်ခဲ့တဲ့ အားကစားပွဲတွေက AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဂုဏ်ပြုနေတာလား…

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်အတွင်းက မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေချိန်မှာ၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ AA တပ်တွေကို ဂုဏ်ပြုနေသလားလို့ မေးခွန်းထုတ်ရလောက်အောင် ပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် တက်ရောက်နေပါတယ်။