ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီ ၇ ရက် မနက်ပိုင်းက ဝေါမြို့နယ် လက်ပံရွာရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်ရာ စစ်သား ၂ ယောက် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာ ရွှေကျင်မြို့အနီး ခမရ ၅၉၈ ကနေ ကင်းပုန်းလာ၀ပ်တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဆိုပါတယ်။

ဧပြီလ ၉ ရက် နေ့လည်ပိုင်းမှာလည်း ရေခပ်ဆင်းလာတဲ့ ခမရ ၅၉၈ က စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ တစ်ယောက် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို တောင်ညိုစစ်ကြောင်း၊ ဝေါပကဖ၊ အင်းတကော်ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းမထွက်နိုင်လို့ အသုံးတော်ခံဘဝ ရောက်ကြရတဲ့ အနုပညာရှင်များ

စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။
Read More

KNDF တပ်ရင်းအမှတ် (၁၇) ရဲ့ (၃) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ၁၇ ) တည်ထောင်ခဲ့ခြင်း ( ၃ ) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနားကို နိုဝင်ဘာလ(၃၀) ရက်က ကရင်နီပြည် ၊ ရှားတောမြို့နယ် တစ်နေရာရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းဒေသ၊ နဂါးပတ်တောင်ကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။