စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီ ၉ ရက် မနေ့က ညနေပိုင်းနဲ့ ညဦးပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ညဦးပိုင်းမှာတော့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Kawlin Info က ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးတယ်လို့ သိရပြီး သေဆုံးသူ အရေအတွက် အတိအကျကို စိစစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – Kawlin Info

0 Shares:
You May Also Like
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ခင်ဦးနှင့် ကန့်ဘလူအစပ်တွင် တပ်မ ၃၃စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကြောင်းလိုက်ပြုတ်၊ စစ်ကြောင်းမှူးအပါ အယောက် ၅၀ နီးပါး သေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သား အယောက် ၅၀ နီးပါး သေဆုံးကာ စစ်သုံ့ပန်း ၁၅ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စလင်းမှာ မုဒိန်းကျင့်၊ လူသတ်ပြီး ကိုယ်အင်္ဂါတွေ ဖြ​တ်​တောက်ခဲ့သူကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖမ်းဆီးအရေးယူထား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်အင်္ဂါအစိတ်ပိုင်းတွေဖြတ်တောက်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။