တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ လုပ်ငန်းရှင်တွေဆီက လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲကားကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရာ စခန်းမှူးနဲ့ ဗိုလ်အဆင့်ရှိသူ ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကို ပြောပါတယ်။

ဧပြီလ ၉ရက်၊ မနေ့က ညနေပိုင်းမှာ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာရွာကနေ ပြန်လာတဲ့ ရဲကားတစ်စီးကို ပကဖတပ်ဖွဲ့ဝင်တွေက ဖော့သုတ်သင်္ချိုင်းအနီးမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မာရန်းတိုက်နယ်ရဲစခန်းက ဖြစ်ကြပြီး အေးချမ်းသာကျေးရွာက လူကုန်ကူး၊ မူးယစ်ဆေးနဲ့ ရာဘာလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက လစဥ်ဆက်ကြေးငွေ သွားရောက်ကောက်ခံကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားကို မပစ်ခင် ရှေ့ပြေးရောက်လာတဲ့ ဆိုင််ကယ်ကို ပစ်ခတ်ရာမှာလည်းတပ်ကြပ်ကြီးအဆင့်ရှိသူ ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကော့သောင်းမြို့နယ်ပကဖက ပြောပါတယ်။

“ဒီကောင်တွေ လာနိုင်တဲ့လမ်းကြောင်းဆ်ိုတာ သိလို့ပါဗျ။ သေတာကတော့ ရဲအုပ် မင်းအောင်စိုး၊ ဒုရဲအုပ် မျိုးလင်းကိုနဲ့ ဒုတပ်ကြပ်စည်သူတို့ပါ။ လွတ်သွားတာကတော့ တပ်ကြပ်ကြီးအဆင့်ရှိသူနဲ့ နောက်တစ်ယောက်ပါ။ သူတို့က ဆိုင်ကယ်ရှေ့ပြေးနဲ့လာတာပါ။ တပ်ကြပ်ကြီးကတော့ ဒဏ်ရာပြင်းပါတယ်။” လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက 40mm သေနတ်၁လက်၊ 40 သီး ၁၆လုံး၊ AK သေနတ် ၂လက်၊ ဘောက် ၅ခု၊ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃လုံး၊ 9mm သေနတ်၁လက်၊ 380 သေနတ်၁လက်၊ ခြောက်လုံးပြူး၁လက်၊ ဖုန်းနဲ့ ထိုင်းဘတ် ၂၅၀၀၀ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက ထုတ်ပြန်ထားပါတယ်။

မာရန်းတိုက်နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသေဆုံးနေပုံနှင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများ (ဓာတ်ပုံ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင် PDF တပ်ရင်း ၂ ၏ စစ်တောင်းမြစ်ဝှမ်းဒေသ မြေပြင်စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ဗျူဟာအမှတ် ၂၅ ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702)၊ တပ်ခွဲ ၁ ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။