မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၉ ရက် မနေ့က မနက်ပိုင်းမှာ စက်မှု(၂) ကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စိတ်ကို ဝင်ရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဆီက MA 3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အခြားခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ ကိုမုဆိုး၊ ကိုစတီး၊ ကိုကင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။