မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT)  ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဧပြီလ ၆ရက် ညနေပိုင်းက မြင်းခြံမြို့ အမှတ် (၁၈) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲရာဂိတ်ကို MBT နဲ့ ပူးပေါင်းတပ်တွေက လျှပ်တပြက် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ အချိန် ၁နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါ ထိခိုက်ဒဏ်ရာရသူလည်း ၈ယောက်အထိရှိခဲ့ပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“အဓိကကတော့ စကစတွေ မူးရူးသောက်စားနေတယ်လို့ သတင်းရလို့ လျှပ်တပြက်စီစဥ်လိုက်ရတဲ့မစ်ရှင်ပါ။ လက်နက်ခဲယမ်းရဖို့ ဦးတည်တိုက်ခိုက်ပေမယ့် မြို့ဖြစ်နေတော့ ရန်သူ့စစ်ကူတွေမလာခင် ပြန်ဆုတ်လာခဲ့ရတဲ့ အနေအထားမှာရှိတယ်။ စစ်ကူလာတဲ့အထဲက ၆ယောက် နေရာတင် သေတယ်။ လက်နက်က ကောက်မရခဲ့ဘူးပေါ့။ သူတို့ဘက်က ၁၄ယောက်သေတာကို တိုက်ပွဲအပြီးအတည်ပြုနိုင်ခဲ့သလို မျက်မြင်သေဆုံးတာတွေကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။” လို့ Myingyan Black Tiger (MBT)  ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

အမှတ် ၁၈ ရပ်ကွက် စကစ အထိုင်ဂိတ်စခန်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ BGF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

MBT နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ အမှတ် ၁၈ရပ်ကွက် ဂိတ်စခန်းအပါ စစ်တပ်စခန်းတချို့ကို မကြာခဏ ဆိုသလို ပြောက်ကျားဝင်ရောက်ပစ်ခတ်လေ့ရှိပြီး စစ်အုပ်စုဘက်က ထိခိုက်​သေဆုံးမှုတွေလည်း ရှိနေပါတယ်။

တိုက်ပွဲဖော်ဆောင်နေသည့် MBT နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ MBT)

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငါန်းမြာကြီးစခန်းနှင့် မဂျီရွာက စစ်အုပ်စုတွေကို မြေပြင်ဝေဟင် ပစ်ခတ်တိုက်ခိုက်၊ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သားနှင့်ပျူ ၁၄ ဦး ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးစခန်းနဲ့ မဂျီရွာက စစ်အု​ပ်စုတွေကို ဒရုန်းနဲ့ရော မြေပြင်ကနေပါ ၂ရက်ဆက် တိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီး၏ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားများ အောင်မြင်စွာ မွေးဖွားပေး

မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူခရိုင် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှား တိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်က ပခုက္ကူခရိုင်အတွင်းရှိ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။