အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

သံအမတ်ကြီးက ကုလရဲ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (၅၈) ကြိမ်မြောက် အစည်းအဝေးအတွင်း အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

အာဏာသိမ်း စစ်တပ်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး စီမံချက် မရှိတာကြောင့် ပြည်သူတချို့ အသက်ဆုံးရှုံးခဲ့ရပြီး စစ်တပ်က ကန့်သတ်ချက် အမျိုးမျိုး ထားရှိခြင်းကြောင့် ငလျင်ဘေးဒဏ်သင့် ထိခိုက်နစ်နာသူတွေထံ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေအချိန်မီ ထိရောက်စွာ ပို့ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။

စစ်တပ်အနေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေထံ အရေးပေါ် လူသားစာနာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ငလျင်ဒဏ်သင့်နေရာတွေအပါအဝင် အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့လည်း ကုလနဲ့ နိုင်ငံတကာကို အသိပေးပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ ချုပ်ငြိမ်းဖို့ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက် လေယာဉ်ဆီ၊ စစ်ရေး နဲ့ အရပ်ဖက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။