နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ငလျင်အတွက် အမေရိကန် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan’s Purse အဖွဲ့ လာရောက်ကူညီနေတဲ့ နေပြည်တော်က ယာယီဆေးရုံကို မင်းအောင်လှိုင်က ရောက်ရှိစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။

ငလျင်ဘေးသင့် မြန်မာသို့ လာရောက်ကူညီတဲ့အတွက် အမေရိကန်အစိုးရကို “ကျေးဇူးတင်တယ်” လို့ မင်းအောင်လှိုင်ရဲ့ ပြောကြားခဲ့မှုအပေါ် အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၀ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နဲ့ ရုရှားကိုသာ အားကိုးဆက်ဆံနေရတဲ့ စစ်ကောင်စီဟာ အမေရိကန်နဲ့ပတ်သက်ပြီး သဘာ၀ဘေးနဲ့ ဆက်စပ်ကာ မင်းအောင်လှိုင်က ကျေးဇူးတင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ cincds)
(ဓာတ်ပုံ cincds)

ငလျင်လှုပ်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြန်မာပြည်အတွက်အကူအညီတွေပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန်က ခရစ်ယာန်တရားဟောဆရာ ဖရန်ကလင်ဂရေဟမ် ဦးဆောင်တဲ့ Samaritan’s Purse ခရစ်ယာန်အဖွဲ့အစည်းဟာ ကိုယ်ပိုင်ရွေ့လျားဆေးရုံနဲ့အတူ မြန်မာ့ငလျင်ဘေးအတွက် ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့်ချိန်မှာ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်တယ်လို့ အလျင်အမြန် အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

လက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အဖွဲ့အစည်းတွေကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Samaritan’s Purse)
(ဓာတ်ပုံ Samaritan’s Purse)
0 Shares:
You May Also Like
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် တိုက်တွန်းသည့် အမေရိကန် ကွန်ဂရက်ကြားနာပွဲအတွက် ကျေးဇူးတင်ကြောင်း CRPH ထုတ်ပြန်၊ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ ရာဇဝတ်လုပ်ငန်းများ ရှင်သန်ကြီးထွားနေလိမ့်မည်ဟု ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။