စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ စခန်းစွန့်ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ အကြမ်းဖက်စစ်သား ၁၅၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သား ၁၅၀ ကျော်ကို အင်းတော်-ကသာ လမ်းပိုင်းမှာ ဧပြီလ ၈ ရက်က တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးချုပ် အောင်သက်ဦးဟာ DSA အပတ်စဉ် ၄၂ ဆင်းဖြစ်ပြီး ကော့သောင်းမြို့မှာလည်း ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးရာထူးနဲ့ ထမ်းဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး (ဓာတ်ပုံ Gadu Tang)

ဗိုလ်မှူးချုပ် အောင်သက်ဦး ဦးဆောင်တဲ့ တပ်မ ၇၇ ဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်က ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြတဲ့ လက်နက်မဲ့ ပြည်သူတွေကို RPG ၊ လက်ပစ်ဗုံးတွေအပါအဝင် စစ်သုံးလက်နက်တွေနဲ့ ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားပြည်သူ ၈၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

အင်းတော်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အင်းတော်မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လကစတင်ခဲ့တဲ့ ၈ လကျော်ကြာ အင်းတော်မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆုံးလက်ကျန် ဂျပန် လိုဏ်ဂူစခန်းကုန်းကနေ တော်လှန်ရေးတပ်တွေဟာ ရုရှားလုပ် ၁၂၂ မမ D-30 ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ဆက်သွယ်ရေးနဲ့ ဂျမ်မာစက်ကိရိယာတွေ၊ ကပစထုတ် ဒရုန်းဗုံးသီးတွေ စတဲ့ လက်နက်ကြီး/ငယ်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့အထဲက ၁၂၀ မမ WP မီးစုန်းဗုံးသီးတွေဟာ ဂျနီဖာကွန်ဗန်းရှင်းက တားမြစ်ထားတဲ့ ခဲယမ်းတွေဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားပါတယ်။

“သိမ်းဆည်းရမိ လက်နက်တွေကို ကြည့်ခြင်းအားဖြင့် အနိမ့်ဆုံး ဗျူဟာမှူးအဆင့်က ခံစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ၁၂၀ မမ ဗုံးသီးတွေထဲမှာ အစိမ်းနုရောင် သုတ်ထားတဲ့ ဗုံးသီးတွေက W-P မီးစုန်းဗုံးသီးလို့ ခေါ်ပါတယ်။ ဖော့စ်စဖရပ် ထည့်ထားတာဖြစ်ပြီး မီးလောင်ကျွမ်းမှုကို အားပေးပါတယ်။ ပိုဆိုးတာက မီးလောင်ကျွမ်းတဲ့အခါမှာ ငြိမ်းသတ်ဖို့ အင်မတန် ခက်ခဲပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းက ကန့်သတ်ထားတဲ့ ခဲယမ်းအမျိုးအစား ဖြစ်ပါတယ်။ …. အရေးကြီး သတိပေးချင်တာကတော့ ဖော့စ်စဖရပ် ပါတဲ့ ခဲယ-မ်းတွေကို အခြားခဲယမ်းတွေနဲ့ အချိန်ကြာကြာ အတူထားပြီး သိုလှောင်သိမ်းဆည်းရန် မသင့်ကြောင်းပါ။” လို့ ဗိုလ်ကြီးဇင်ယော်က ပြောကြားထားပါတယ်။

အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊  အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊  ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊    ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊  အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊  ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၈ ဦးကျော် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ယောက် သေဆုံး၊ မတ္တရာ၊ သပိတ်ကျင်း၊ နောင်ချိုတို့မှာ MDY-PDF နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
Read More

ကျောက်ကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါ အရပ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။