လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။

ဒါကို မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့တွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကနေ အသေအချာ လေ့လာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

                                                   ***

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က လူသားချင်းစာနာမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းရေးမှူး Tom Fletcher ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး တရားမဝင်စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့ အဲဒီတွေ့ဆုံမှုအပေါ် မြန်မြန်ဆန်ဆန်ပဲ ဂုဏ်ပြုပွဲခံနေကြပြီး “မြန်မာပြည်က ငလျင်ဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အလှူငွေ အမေရိကန်ဒေါ်လာ ၉၃ သန်း ပေးဖို့ ကတိပြုကြပြီး၊ ကုလသမဂ္ဂ ဗဟိုအရေးပေါ် ရန်ပုံငွေကနေ အမေရိကန် ဒေါ်လာ ၅ သန်း ခွဲဝေချထားပေးတယ်” လို့ ဝင့်ကြွားခဲ့ကြပါတယ်။

၎င်းတွေ့ဆုံမှုမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနေကိုယ်စားလှယ် ယာယီညှိနှိုင်းရေးမှူးနဲ့ မြန်မာပြည်ဆိုင်ရာ UNOCHA အကြီးအကဲတို့ တက်ရောက်ခဲ့ကြတယ်။

(ဓာတ်ပုံ စကစ နိုင်ငံခြားရေးဝန်ကြီးဌာန)

ဒီတွေ့ဆုံမှုမှာ အရေးကြီးအချက်အနေနဲ့ Tom Fletcher ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘယ်သူနဲ့မှ ဒါမှမဟုတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) တွေက ဘယ်ကိုယ်စားလှယ်နဲ့မှ လူသိရှင်ကြားတွေ့ဆုံခြင်း မရှိခဲ့တာပါပဲ။

ကုလသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ လုံခြုံစေရေးအတွက် တရားမ၀င် စစ်ကောင်စီ (SAC) နဲ့ ထိတွေ့ဆက်ဆံဖို့ လိုတာကို အပြည့်အဝ နားလည်ပါတယ်။

ကုလ အေဂျင်စီတွေနဲ့ ICRC တို့ဟာ ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရေးအတွက် ကမ္ဘာတဝှမ်း အစိုးရအလှူရှင်တွေကနေပြီး အမေရိကန်ဒေါ်လာ ၉၃ သန်း(ယခု သန်း ၁၀၀ကျော်ရှိနေပြီဖြစ်) ပမာဏရှိတဲ့  များပြားလှတဲ့ရန်ပုံငွေတွေကို  ပြီးခဲ့တဲ့ သီတင်းပတ်က လက်ခံရရှိခဲ့တယ်။ ဒီအကူအညီတွေကို သူတို့တွေအနေနဲ့ ဘေးဒဏ်သင့်ပြည်သူတွေဆီ ဖြန့်ဝေပို့ဆောင်ဖို့ လိုလာပါတယ်၊ ဒီလိုလုပ်ဖို့ဆိုရင် နိုင်ငံတကာဝန်ထမ်းတွေအတွက် ပြည်ဝင်ခွင့်နဲ့ ထိခိုက်ခံဒေသတွေကို သွားရောက်ခွင့် ရရှိရမှာဖြစ်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုပ်ဆောင်ဖို့ ပြည်ဝင်ခွင့်နဲ့ ၄င်းတို့ရဲ့ဝန်ထမ်းတွေအတွက် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေက စစ်ကောင်စီနဲ့ ညှိနှိုင်းတာဟာ လက်ခံဖွယ်ရှိပါတယ်။

ဒါပေမဲ့လည်း UN ထိပ်တန်းအရာရှိတွေက စစ်ကောင်စီနဲ့သာ လူသိရှင်ကြား တွေ့ဆုံခဲ့ပြီး၊ NUG နဲ့ EROs တွေလို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ လူသိရှင်ကြား၊ တရားဝင် တွေ့ဆုံဖို့ ပျက်ကွက်တာကတော့ လုံးဝလက်မခံနိုင်စရာဖြစ်တယ်။

မြန်မာပြည်တွေကို အကူအညီပေးရေး အမေရိကန် ဒေါ်လာသန်းတစ်ရာကျော်ကို လှူဒါန်းဖို့ ကုလသမဂ္ဂဆီ အပ်နှင်းလိုက်ချိန်မှာ၊ သူတို့ရဲ့ တရားဝင်ကိုယ်စားလှယ်လို့ ပြည်သူတွေက ယုံကြည်ယူဆထားတဲ့သူတွေကို အသိအမှတ်ပြုရမှာဖြစ်ပြီး ထိတွေ့ဆက်ဆံဖို့ ဝတ္တရားရှိပါတယ်။

‌ခေတ်အဆက်ဆက် လူသားချင်းစာနာမှု အကျပ်အတည်းတွေမှာ အဓိကတာဝန်ရှိတဲ့ ကနဦးလက်သည် စစ်ကောင်စီကို သီးသန့် မျက်နှာသာပေး ဆက်ဆံဖို့ မဟုတ်ဘူး။

(ဓာတ်ပုံ စကစ နိုင်ငံခြားရေးဝန်ကြီးဌာန)

နေပြည်တော်ကစစ်ကောင်စီအရာရှိတွေကို (တရားဝင် အစိုးရအဖြစ် ဆက်ဆံဖို့ ၎င်းတို့လိုချင်သလိုမျိုး)   လူသိရှင်ကြားတွေ့ဆုံဖို့ ရွေးချယ်ပြီး၊ (တကယ့် တွေ့ရမဲ့သူတွေ၊ တရားဝင် အာဏာပိုင်တွေလို မဟုတ်တောင် အနည်းဆုံး တန်းတူထားပြီး‌ တွေ့ဖို့လိုအပ်တဲ့) NUG သို့မဟုတ် ERO ကိုယ်စားလှယ်တွေကိုတော့ လူသိရှင်ကြား အပြန်အလှန် ထိတွေ့ဆက်ဆံဖို့ ရှောင်ရှားနေတာက Tom Fletcher အနေနဲ့ ကြားနေရေးမူကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်။

ဒါဟာ ကုလအရာရှိတွေအနေနဲ့  တရားမဝင်တဲ့သူကို တရားဝင်စေခဲ့ပြီး တရားဝင်သူကို‌တော့ တရားဝင်မှု မပေးခဲ့ပါဘူး။

ကုလ အနေနဲ့ စစ်ကောင်စီနဲ့ တွေ့သင့်ရဲ့လား ဆိုတဲ့ကိစ္စကို ဆိုလိုတာမဟုတ်ဘူး။ တွေ့ဖို့က လိုအပ်တယ်။ စစ်ကောင်စီကို လူသိရှင်ကြားတွေ့ဆုံချိန်မှာ NUG ကို တန်းတူမရှုမြင်ဘဲ အသိအမှတ်ပြုဖို့ ငြင်းပယ်နေတာကို လက်မခံနိုင်တာဖြစ်တယ်။ လက်ထဲမှာ အမေရိကန်ဒေါ်လာ သန်းရာကျော် ရှိနေတဲ့ ကုလသမဂ္ဂမှာ တကယ့် ဩဇာအာဏာရှိနေတယ်။ သူတို့အနေနဲ့ ဘယ်သူနဲ့တော့ တွေ့ဆုံဖို့ ခွင့်ပြုတယ်၊ ဘယ်သူနဲ့ဆုံဖို့ ခွင့်မပြုဘူး ဆိုတာကို စစ်ကောင်စီကို ဆုံးဖြတ်ခွင့် မပေးသင့်ဘူး။

သူတို့ကိုယ်သူတို့ အစိုးရလို့ ပြောနေတဲ့ စစ်ကောင်စီကို အစိုးရလို လူသိရှင်ကြား ဆက်ဆံပြီး၊ NUG နဲ့ အလားတူပြုမူဖို့ ပျက်ကွက်ခြင်းအားဖြင့် Tom Fletcher ဟာ ဆိုးရွားလှတဲ့ အမှားတခု ကျူးလွန်ခဲ့တာဖြစ်တယ်။ ဒါဟာ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်းတစ်ရာကျော်ကို ဓားစာခံ အဖြစ်ရောက်အောင် တွန်းပို့လိုက်တာဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံရေးမျက်နှာစာမှာ များစွာအကျိုးပြုစေခဲ့ပါတယ်။ လုပ်ငန်းအစောပိုင်းမှာကထဲက အဲဒီလိုမျိုး အာဏာပေးလိုက်တာက နောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီလုပ်ငန််းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားမှာပါ။

Fletcher ဟာ ထောက်ပံ့နိုင်တဲ့ ရန်ပုံငွေတွေအကြောင်း စစ်ကောင်စီအရာရှိတွေကို ရှင်းလင်းခဲ့ပြီး သူတို့တွေကို ဆုံးဖြတ်ခွင့်ရှိတဲ့သူတွေလို ဆက်ဆံပုံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို ပေးဖို့မလိုအပ်တဲ့ အခွင့်ကောင်းတွေ ပေးလိုက်တာဟာ သူတို့ကို လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုဆိုးရွားစေအောင်လုပ်‌ဆောင်ဖို့ ရဲဆေးတင်‌ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

အကယ်၍ Fletcher သာ သတ္တိရှိပြီး စစ်ကောင်စီရော NUG ကိုယ်စားလှယ်တွေနဲ့ပါ လူသိရှင်ကြားတွေ့ဆုံဖို့ ကုလသမဂ္ဂရဲ့ ဩဇာကို အသုံးချခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဘက်မလိုက်တဲ့၊ ကိုယ့်အမြင်ကို ယတိပြတ်ဖော်ပြရဲတဲ့သူတဦးအနေနဲ့ ရပ်တည်နိုင်မှာဖြစ်တယ်။

သိထားသင့်တာက စစ်ကောင်စီဟာ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေထဲက ဒေသအတော်များများကို မထိန်းချုပ်ထားနိုင်ပါဘူး၊ သူတို့ကိုယ်တိုင် အမာခံနယ်မြေတွေအတွက် အကူအညီလိုနေတာဖြစ်တယ်။ ကုလသမဂ္ဂဘက်ခြမ်းကနေ ပိုမိုခိုင်မာပြီး မျှတတဲ့ ထိတွေ့ဆက်ဆံမှုမျိုးလုပ်နိုင်တဲ့ အခြေအနေက လိုတာထက်တောင် ပိုရှိနေပါတယ်။

အဲဒီအစား Fletcher နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေဟာ စစ်ကောင်စီ ပြုသမျှ နုရမယ့်အဖြစ်ရောက််ရှိအောင် သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။   

(ဓာတ်ပုံ စကစ နိုင်ငံခြားရေးဝန်ကြီးဌာန)

အခုချိန်ကစလို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGO တွေအနေနဲ့ နိုင်ငံတကာအကူအညီတွေကို ဘယ်လိုမျိုး ဖြန့်ဝေနေသလဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်လိုမျိုး လုပ်ဆောင်နေသလဲဆိုတာကို မြန်မာပြည်ရဲ့ တရားဝင်သက်ဆိုင်သူတွေဖြစ်ကြတဲ့ NUG၊ EROs၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက အသေးစိတ် စောင့်ကြည့်ရမှာဖြစ်တယ်။

သေချာတာကိတော့ … အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ဆိုတာ ကုလသမဂ္ဂအေဂျင်စီတွေ ပိုင်တာမဟုတ်ဘူး။ ဘယ်လိုသုံးမလဲဆိုတာ သူတို့ ဆုံးဖြတ်နိုင်ပေမဲ့ အဲဒီငွေတွေဆိုတာက မြန်မာပြည်သူတွေအတွက် လှူထားတဲ့ငွေတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေဆိုတာ ကြားခံသက်သက်သာဖြစ်တယ်။ ဒီငွေတွေကို စစ်ကောင်စီ အကျိုးရှိဖို့ သုံးမှာမဟုတ်ကြောင်း၊ အမှန်တကယ် လိုအပ်နေသူတွေအတွက် ဘက်မလိုက်ဘဲ၊ သမာသမတ်ကျကျ အသုံးပြုသွားမှာဖြစ်ကြောင်း သူတို့အနေနဲ့ အစိုးရတွေကို ကတိပြုထားကြတာဖြစ်တယ်။

အဲဒီကတိကို လက်ကိုင်ထားရမှာဖြစ်တယ်၊ ပြီးတော့ ဒါကိုလည်း မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့တွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကနေ အသေအချာ လေ့လာစောင့်ကြည့်သွားရမှာဖြစ်တယ်။

[မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic ၏ Facebook post “The UN’s Dangerous Dance with Myanmar’s Junta” ကို ဆီလျှော်အောင် ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။]

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ၁ နှစ် ၁ ခါ ပုံမှန်သွားရတဲ့ စစ်တက္ကသိုလ် ရေဆင်းကို ပြောင်းရွှေ့ဖို့ လုပ်နေလား၊ ဘာကြောင့်ဖြစ်နိုင်မလဲ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

မြန်မာစစ်တပ််က ကျူးလွန်သော ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။
Read More

GZA စစ်ဦးစီးချုပ်အပါ အဖွဲ့ဝင် ၅ ဦးနှင့် YDF တပ်ဖွဲ့ဝင် ၂ ဦး လုပ်ကြံခံရ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်နဲ့ YDF တပ်ဖွဲ့ဝင် ၂ယောက် လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA) က ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။