နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက် အသိအမှတ်ပြုကြောင်း နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့် အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့မှာ   ကျင်းပလျက်ရှိတဲ့ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက အခုလို ဆုံးဖြတ်ခဲ့တာပါ။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို  စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့  (၁၄၂) ကြိမ်မြောက် ညီလာခံက စတင်ပြီး  မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် နိုင်ငံတကာပါလီမန်များ အစည်းအဝေးတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH ကို ဆက်လက်အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေကို  လေးစားတန်ဖိုးထားခြင်းဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကဆိုပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဟာ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်က နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့  ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနေရာ ပြောင်းမယ်လို့ ထိုင်းအာဏာပိုင်တွေ ပြော

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဘုရားသုံးဆူနဲ့ ဆက်သွယ်ထားတဲ့ ကန်ချနဘူရီ နယ်စပ်ဂိတ်မှာ ဆောင်ရွက်နေရာကနေ ထားဝယ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း Thai PBS World သတင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။