မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဧပြီလ ၇ရက် မနက်ပိုင်းက ငါးသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်လာတဲ့ စစ်သားနဲ့ရဲ ၁၀ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုမိုင်းဆွဲရင်း ၄၀မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုတွေကို မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပုဂံညောင်ဦးအခြေစိုက် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (Garuda Secret Force)၊ နပတ (၇၀၄) နဲ့ Local တပ်ပေါင်းစု တပ်ရင်းတွေ
ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲရှိရာ သွားနေသည့် မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

အဲ့ဒီနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေချိန် အရပ်သားတွေနဲ့ စစ်အုပ်စုတွေ ရောနှောလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆုတ်ခွာခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီ (အထိုင်စခန်း)တွေနဲ့ စစ်ရေးပစ်မှတ်တွေရဲ့ အနီးတဝိုက်ကို သွားလာခြင်းမပြုလုပ်ကြဘဲ တော်လှန်ရေးတပ်တွေကို ကူညီပူးပေါင်းပေးကြဖို့ မန်းဘခိုင် ပုဂံညောင်ဦးအ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

 

0 Shares:
You May Also Like
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ တပ်မ-၉၉ လက်အောက်ခံ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ၂၁ ယောက်သေ၊ ၈ ဦးဖမ်းမိ၊ လက်နက် (၃၉) လက် သိမ်းဆည်းရမိ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာတဲ့ ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီး အောင်ဇော်မင်း ဦးဆောင်တဲ့ တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါ အလောင်း (၂၁) လောင်းရရှိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လွတ်မြောက်လာသည့် ကရင်နီ နိုင်ကျဉ်းများအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု KPPA ထုတ်ပြန်

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။