ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF (Self-Defense Force) အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

C-130 ပို့ဆောင်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) နဲ့အတူ လိုအပ်တဲ့ ဆေးဝါးတွေ၊ ရောဂါရှာဖွေရေး စမ်းသပ်ကိရိယာတွေ အပါအဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ အဓိက ပါဝင်လာတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် မြန်မာ့ငလျင်ဘေးအတွက်  အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ (၆) သန်း ပေးအပ်မှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့  ဧပြီလ ၂ ရက်နေ့ကလည်း ဂျပန်အစိုးရက ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၃၂ ယောက်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

နိုင်ငံရေးအခြေအနေများ အပြောင်းအလဲဖြစ်နေသည့် အိန္ဒိယတွင် မြန်မာဒုက္ခသည်များ သတိထားနေထိုင်ကြဖို့ India For Myanmar တိုက်တွန်း

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ သတိပေး

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက အဆင့်ဆင့်ခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အလျင်စလို အသိအမှတ်ပြုတာမျိုး၊ တရားဝင်မှု ပေးအပ်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က သတိပေးပြောကြားလိုက်ပါတယ်။