စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အုပ်ကျင်းရွာက အမျိုးသား ၁ ယောက်နဲ့ နွား ၃ ကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တပ်လေထီးယာဉ်နဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိထားနေထိုင်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူမြို့နှင့် ၄ မိုင်အကွာရှိ ခလရ ၃၉ တပ်ရင်းအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကောလင်းတွင် စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းရှိ နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
Read More

ကပစထုတ် ရှေ့ထွက်မိုင်းများဖြင့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြားမှာ အကြမ်းဖက်စစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ကပစထုတ် ရှေ့ထွက်မိုင်းတွေနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ် - DYAF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။